SCEF Logo

SCEF

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ

SCEF logo

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

Steering Council for the Emergence
of a Federal Democratic Union - SCEF

1

ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြု မဏ္ဍိုင်

ပြည်နယ်များ၊ ပေါ်ထွန်းလာသောဖက်ဒရယ်ယူနစ်များနှင့် ERO များမှ ကိုယ်စားလှယ်များပါဝင် စုဖွဲ့ထားသည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြု မဏ္ဍိုင် ဖြစ်ပါသည်။

2

ပြည်သူကိုယ်စားပြု မဏ္ဍိုင်

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ကိုယ်စားလှယ်များပါဝင်စုဖွဲ့ထားသည့် ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင် ဖြစ်ပါသည်။

3

အမျိုးသမီး ကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်

အထူးစီမံဆောင်ရွက်ချက်ဖြင့် အမျိုးသမီးကိုယ်စားပြုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များပါဝင်စုဖွဲ့ထားသည့်အမျိုးသမီး ကိုယ်စားပြု/ ကိုယ်စားလှယ် မဏ္ဍိုင် ဖြစ်ပါသည်။

တရားဝင်ကြေညာချက်
လက်ရှိတွင် ထုတ်ပြန်ထားသော တရားဝင်ကြေညာချက် မရှိသေးပါ။

မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည်။

စုပေါင်းခေါင်းဆောင်မှု

နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း

ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများနှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်။

အဓိက နိုင်ငံရေး ရည်မှန်းချက် (၆) ရပ်

ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။

(1)

စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်။

(2)

လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

(3)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်။

(4)

သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်။

(5)

ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(6)

ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်။